သင်ကိုယ်တိုင်စဉ်းစားရမယ့် အချိန်ရောက်ပြီ။ တန်ဖိုးနည်းတဲ့ပစ္စည်းတွေကိုဝယ်ယူမယ်ဆိုရင်တော့ ကျွန်တော်တို့ဟာ ဘာမှသိပ်မစဉ်းစားဘဲ ကိုယ်ကြိုက်ရင်ဝယ်တတ်ကြပါတယ်။ ဒါပေမယ့် တန်ဖိုးကြီးတဲ့ပစ္စည်းတွေဆိုရင်တော့ ဝယ်ရမလား၊ မဝယ်ရဘူးလားဆိုတာကို အကြိမ်ကြိမ်စဉ်းစားကြမယ် ထင်ပါတယ်။ အဲ့ဒီထဲကမှ အလုံခြုံဆုံးသောအသိုက်အမြုံဆိုပြီး တင်စားကြတဲ့ အိမ်ကို ဝယ်မယ်ဆိုရင်တော့ ပိုပြီးအလေးအနက်ထားစဉ်းစားကြမယ်ဆိုတာအမှန်ပဲဖြစ်မှာပါ။ စဉ်းစားတဲ့အချက်တွေထဲမှာဆိုရင် စျေးနှုန်း၊ တည်နေရာအနေအထား၊ အနာဂတ်အစီအစဉ်၊ အိမ်ခြံမြေအခြေအနေအပြင် ဘယ်အချက်တွေကို ဦးစားပေးဆုံးဖြတ်လည်းဆိုတာကို အောက်ကကွန်မန့် Box မှာဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။ ကိုယ်လိုချင်တဲ့ပုံစံနဲ့ ထပ်တူကျမယ့် Condo တွေကိုဝယ်ယူချင်တာပဲဖြစ်ဖြစ်၊ ရောင်းချချင်လိုပဲဖြစ်ဖြစ် ကျွန်တော်တိုရဲ့ Condo Buying Directory မှာဆက်သွယ်မေးမြန်းနိုင်ပါတယ် ခင်ဗျ။